Friday 21 July 2017

”သင်ခန်းစာ” ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့


 
ဟိုတယ် သူဋ္ဌေးတစ်ယောက်က သူ့ ဟိုတယ်ကို
ဓာတ်လှေကား တပ်ချင်တော့
ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီး
အလုပ်အပ်တယ်.
အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်
ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ
အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်
အထပ်တိုင်းကို လိုက်ကြည့်ပြီး
အတိုင်းတာ ယူနေတုန်း.
သန့်ရှင်းရေး အလုပ်သမကြီးတစ်ယောက်
ရောက်လာတယ်,,,
"ဆရာ ဘာတွေလုပ်နေတာလဲဟင်"?
အဲလိုမေးတော့ အင်ဂျင်နီယာကလည်း
ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,
"အဒေါ်ရေ ဓာတ်လှေကားတပ်မလို့  အဲဒါ အပေါက်တွေဖောက်ရမှာ လိုက်ကြည့်နေတာပါ,,,
အဲတော့ အလုပ်သမကြီးက,,,
"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်"
အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,
ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို့ 
အာရုံစိုက်မလို့ လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
"ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး"
အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,, တယ်ဟုတ်ပါလား
ဒါဆို အပေါက်တွေလိုက်ဖောက်စရာလည်း
မလိုသလို နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,
အဲလိုနဲ့  အဆောက်ဦးတွေရဲ့ အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,
ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,
အဲဒါဘာလဲဆိုတော့,,,သူတို့ ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ
သူတို့ ထရပ်ကားအမိုးတွေနဲ့ မလွတ်တာပါ,,,
အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,
သူတို့ အကျပ်ရိုက်ကုန်တယ်,,,
ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,
တံတားအပေါ်က မလွတ်သမျှကို လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စိးသလိုဖြစ်ပြီး တံတားကျိုးကျသွားနိုင်တယ်,,,
အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,
သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,
ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့ 
သူတို့ကို ကြည့်နေတယ်,,,
အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,
ဒါပေမယ့် ကလေးက မသွားပဲ
အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ့  အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,
"ဟိုလေ တံတားအမိုးနဲ့  ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,"
အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ့  ခေါင်းနဲ့ ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,

”သင်ခန်းစာ”
ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။
ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

No comments:

Post a Comment

နောင့်​ဆုံးတင်​​​သော Posts

အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း

#အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း ငါးသလောက်ကို အတုံးတုံး ရေဆေးပြီး ( ဆား, နနွင်း, အချိုမှုန့်, ရှောက်ရည်ညှစ်ထည့် ) အားလံုးေ...