Wednesday 5 July 2017

ခြင်​ကိုက်သက်သာစေတဲ့အစားအစာများ

ခြင်​ကိုက်သက်သာစေတဲ့အစားအစာများ


ဗီတာမင်ဘီ ၁ ဟာ ခန္ဓာကိုယ်ရဲ့ အနံ့အသက်ကို ခြင်ပြေးစေတဲ့ အနံ့အသက်အဖြစ် ပြောင်းလဲပေးတယ်လို့ ဆိုကြပါတယ်။ နို့၊ အခွံမာသီး၊ လိမ္မော်သီးနဲ့ ပဲအမျိုးမျိုးစသည်တို့ကို စားပေးခြင်းဖြင့် ဗီတာမင် ဘီ ၁ ကို ရရှိနိုင်ပါတယ်။


ခြင်တွေကို မောင်းထုတ်ပေးနိုင်တဲ့ အနံ့ရှိတဲ့ အစားအစာတွေရှိကြပါတယ်။ ဒီအစားအစာတွေကို စားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ ခြင်ပြေးစေတဲ့ အရာတစ်ခု ဖြစ်သွားမှာပါ။ ဒါကြောင့် ခြင်ကိုက် မခံရဖို့ စားတဲ့ အစားအစာတွေထဲမှာ ဒီအရာလေးတွေကို ထည့်စားပါ။

စားသုံးရမယ့် အစားစာများ

၁။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
၂။ ငရုတ်သီး
၃။ စပါးလင်

၁။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကနေ Allicin လို့ခေါ်တဲ့ ခြင်ပြေးစေတဲ့ ဓါတ်ပစ္စည်းတစ်မျိုးကို ထုတ်ပေးပါတယ်။ ကြက်သွန်မြိတ်ကို စားခြင်းဖြင့်လည်း တူညီတဲ့အကျိုးအာနိသင်ကို ရရှိစေမှာပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အစိမ်းအတိုင်းဘဲဖြစ်ဖြစ် ချက်ပြီးတော့ပဲဖြစ်ဖြစ် စားပေးပါ။

၂။ ငရုတ်သီး

ငရုတ်သီးမှာ အပူဓါတ်ကို ထုတ်လွတ်ပေးတဲ့ Capsaicin လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီဓါတ်ဟာ ခြင်ပြေးစေဖို့လည်း ကူညီပါတယ်။ ဒါ့ကြောင့် ဟင်းချက်စားတဲ့အခါမှာ ငရုတ်သီးကို ထည့်ပြီး ချက်စားပါ။

၃။ စပါးလင်

စပါးလင်မှာတော့ Citronella လို့ခေါ်တဲ့ ခြင်နဲ့ တခြားအင်းဆက်တွေကို ပြေးစေတဲ့ အဆီတစ်မျိုးပါဝင်ပါတယ်။ ဒါ့ကြောင့် ခြင်ကိုက်သက်သာဖို့ စပါးလင်နဲ့ ချက်တဲ့ဟင်းတွေကိုလည်း စားပေးနိုင်ပါတယ်။

၎။ ဗီတာမင် ဘီ ၁

ဗီတာမင်ဘီ ၁ ဟာ ခန္ဓာကိုယ်ရဲ့ အနံ့အသက်ကို ခြင်ပြေးစေတဲ့ အနံ့အသက်အဖြစ် ပြောင်းလဲပေးတယ်လို့ ဆိုကြပါတယ်။ နို့၊ အခွံမာသီး၊ လိမ္မော်သီးနဲ့ ပဲအမျိုးမျိုးစသည်တို့ကို စားပေးခြင်းဖြင့် ဗီတာမင် ဘီ ၁ ကို ရရှိနိုင်ပါတယ်။

ရှောင်ကျဉ်ရမယ့်အစားအစာတွေ

၁။ အရက်

လေ့လာချက်တစ်ခုအရ အရက်ဟာ ခြင်တွေကို အရေပြားပေါ်မှာ ပိုပြီးတော့ နားစေတယ်လို့ဆိုပါတယ်။ နောက်ထပ်လေ့လာချက်တစ်ခုကတော့ ဘီယာသောက်ခြင်းဟာလည်း ခန္ဓာကိုယ်ရဲ့ အနံ့အသက်ကို ပြောင်းလဲစေပြီး ခြင်ပိုကိုက်စေတယ်လို့ဆိုပါတယ်။

၂။ ဆားငံတဲ့ အစားအစာတွေ

ဆားငံတဲ့ အစားအစာတွေကို များများစားတဲ့အခါမှာ ခန္ဓာကိုယ်က လက်တစ်အက်စစ်(Lactic Acid) ကိုပိုမိုထုတ်ပေးတဲ့အတွက် ခြင်ပိုကိုက်စေပါတယ်။

အခုလိုမျိုး စားသုံးရမယ့် အစားစာတွေနဲ့ ရှောင်ကျဉ်ရမယ့် အစားစာတွေကို သိထားပြီဆိုတော့ ခြင်ကိုက် သက်သာစေမှာပဲဖြစ်ပါတယ်။

No comments:

Post a Comment

နောင့်​ဆုံးတင်​​​သော Posts

အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း

#အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း ငါးသလောက်ကို အတုံးတုံး ရေဆေးပြီး ( ဆား, နနွင်း, အချိုမှုန့်, ရှောက်ရည်ညှစ်ထည့် ) အားလံုးေ...