၁။ Ninite
Ninite ဟာ အခမဲ့ ဆော့ဖ်ဝဲများကို ဒေါင်းလုပ်လုပ်နိုင်တဲ့ အကောင်းဆုံး ၀က်ဆိုက်များထဲမှ တစ်ခု ဖြစ်ပါတယ်။ သူ့မှာ ဆော့ဖ်ဝဲ များစွာ ရှိပြီး သင်နှစ်သက်တဲ့ ဆော့ဖ်ဝဲများကို တစ်ပြိုင်နက် ဒေါင်းလုပ်လုပ်ပေးတဲ့ Installer ကိုလည်း သူက ဖန်တီးပေးတဲ့အတွက် အလွန် အဆင်ပြေပါတယ်။ လုံခြုံစိတ်ချရမှုအပိုင်းမှာ သူက နာမည်ကြီးပါတယ်။
• WOT Trustworthiness: 94%
• URLVoid Rating: 24/25
• SiteAdvisor Verdict: Safe
၂။ Softpedia
Softpedia ဟာ ဆော့ဖ်ဝဲများ ဒေါင်းလုပ်လုပ်ဖို့ သာမက သတင်းများ ဖတ်ဖို့ပါ အသုံးဝင်တဲ့ ၀က်ဆိုက်ဖြစ်ပါတယ်။ သူ့မှာ Download ကဏ္ဍ ပါပြီး ဆော့ဖ်ဝဲပေါင်း ၈၅၀ ၀၀၀ ကျော် ရှိပါတယ်။ အင်တာနက်မှာတော့ အခမဲ့ ဆော့ဖ်ဝဲများ ရှိတဲ့ အကြီးမားဆုံး ၀က်ဆိုက် ဖြစ်ပါတယ်။
• WOT Trustworthiness: 93%
• URLVoid Rating: 25/25
• SiteAdvisor Verdict: Safe
၃။ MajorGeeks
MajorGeeks ၀က်ဆိုက် ဒီဇိုင်းဟာ ရှေးကျပေမယ့် ပေါ့ပါးသွက်လက်ပါတယ်။ ဆော့ဖ်ဝဲများစွာ ရှိပြီး ၁၅ နှစ်ကျော်ကြာ ရပ်တည်လာခဲ့တဲ့ နာမည်ကောင်းရှိတဲ့ ၀က်ဆိုက် တစ်ခု ဖြစ်ပါတယ်။
• WOT Trustworthiness: 93%
• URLVoid Rating: 25/25
• SiteAdvisor Verdict: Safe
၎။ FileHippo
FileHippo ဟာ ဆော့ဖ်ဝဲများရဲ့ နောက်ဆုံးထုတ် ဗားရှင်းများကို ဒေါင်းလုပ်လုပ်ဖို့ အရိုးရှင်းဆုံး နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ အခမဲ့ ဆော့ဖ်ဝဲများကို ဒေါင်းလုပ်လုပ်နိုင်တဲ့ အကောင်းဆုံး ၀က်ဆိုက် တစ်ခု ဖြစ်ပါတယ်။ သူ့မှာ Popup Ads , Spyware များ မပါရှိဘဲ စိတ်ချရပါတယ်။
• WOT Trustworthiness: 93%
• URLVoid Rating: 24/25
• SiteAdvisor Verdict: Safe
၅။ Filepuma
ရုတ်တရက် ကြည့်လိုက်ရင် Filepuma ဟာ Filehippo နဲ့ ဆင်တူပါတယ်။ Filepuma မှာ ဆော့ဖ်ဝဲများ ရှာရတာ Filehippo ထက် ပိုမို လွယ်ကူပါတယ်။ ၀က်ဆိုက်ဟာ အသုံးပြုရလွယ်ကူပြီး ယုံကြည်စိတ်ချရပါတယ်။
• WOT Trustworthiness: 91%
• URLVoid Rating: 25/25
• SiteAdvisor Verdict: Safe
No comments:
Post a Comment