Saturday 29 July 2017

Air-con မှ မီးအားစားတာ သက်သာအောင် ပြုလုပ်နည်း


What Is Aircon Capacitor? | @bsolute Aircon

လက်ရှိ ရာသီဥတုအခြေအနေအရ air-con ဟာ မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဇူလိုင်၊ သြဂုတ်လို လတွေ မှာတောင် ရာသီဥတု အလွန်ပူနွေးပြီး စိုထိုင်းထိုင်းဖြစ်နေပါတယ်။
လေအေးပေးစက် တပ်ထားတဲ့ လုပ်ငန်းခွင်က ဝန်ထမ်းတွေဆီ ကြားနေကျစကားက လေအေးပေးစက် ၁၆ ဒီဂရီ အပူချိန် အထိ ချထားပေးဖို့ တောင်းဆိုမှုပဲ ဖြစ်ပါတယ်။ ဒါက air-con တပ်ဆင်ထားတဲ့ အိမ်တွေမှာ ကြားနေကျ စကားလည်း ဖြ စ်ပါတယ်။
ဒါပေမယ့် တစ်ဆက်တည်း လကုန်လို့ မီတာခ အရမ်းတက်နေတာ တွေ့အပြီးမှာတော့ နောင်တတွေရကြပြန်ပါတယ်။ တခါတလေ မီးအရမ်းစားလို့ လေအေးပေးစက် ပိတ်ထားပြီး ပြင်ပအပူချိန်နဲ့ တလှည့်နေဖို့ လိုအပ်တဲ့အချိန်တွေ ရှိပါတ ယ်။ အခုချိန်ကစပြီး ရိုးစင်းလေအေးပေးစက်ဆိုင်ရာ နည်းလမ်းတစ်ခုနဲ့ ဒီပြသနာကို ကျော်လွှားနိုင်ပါတယ်။
အရင်ဦးဆုံးအနေနဲ့ AC အပူချိန်ကို 16 သို့ ဆင်းပေးစရာမလိုအပ်ပါဘူး။ အေးနေအောင် AC အပူချိန်ကို ကျွန်ုပ်တို့ အဆုံးစွန်ထိ လျှော့ချကြပါတယ်။ ဒါ သဘာဝကျပေမယ့် အခြေအမြစ်မရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ အပူချိန် ၁၆ ဒီဂရီထိ လျှော့ချစရာ မလိုပါဘူး။ ၂၃-၂၄ မှာ ထားပါ။
Air-con တစ်လုံးရဲ့ လုပ်ဆောင်ချက် နောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေက…
– မီးအားစားသုံးမှုက လေအေးစက်မှ compressor အလုပ်လုပ်မှုပမာဏပေါ် မူတည်ပါတယ်။
– အပူချိန် ၂၄ သို့မဟုတ် ၁၆ တစ်ခုခု ချိန်ညှိထားရင် compressor မှ အလုပ်လုပ်မှုပမာဏက အတူတူပင် ဖြစ်ပါတယ်။
– အပူချိန်က အခန်းအပူချိန်ရောက်တဲ့အခါ compressor အလိုအလျောက် ရပ်သွားပါတယ်။
– အပူချိန်က အခန်းအပူချိန်ကျော်လွန်တဲ့အခါ ပြန်ပွင့်သွားပါတယ်။
– ဒါပေမယ့် ပန်ကာက ဆက်လက်လည်ပတ်နေပါတယ်။
– လူ့ခန္ဓာကိုယ်က အခန်းအပူချိန်မှာ သက်တောင့်သက်သာ ရှိပါတယ်။ ဒါကြောင့် အပူချိန်ကို ၂၃-၂၄ မှာ ထားပါ။
– ဒါက အမြဲဖွင့်လိုက်၊ ပိတ်လိုက်မဖြစ်အောင် ကာကွယ်ပေးပြီး မီးအားစားတာကို သက်သာစေပါတယ်။
ဒီတော့ အခုချိန်ကစပြီး ဒီနည်းနဲ့ အေးလည်းအေး၊ မီးအားလည်း ချွေတာနိုင်ပါတယ်။

Phone free internet


Stock photo / Stock vector illustration : Vector illustration of cool ...



 
 




Windows 10 မြန်မာစာ မှန်ကန်အောင် လုပ်ဆောင်နည်း



 Windows 10 S, Windows 10 Home and Windows 10 Pro feature comparison ...

 Zawgyi Keyboard
https://my.pcloud.com/publink/show?code=XZ3psNZmyxLxqg7ES7z3VNcTv7jf7w51Gwk
Search နေရာမှာမြန်မာစာရေးမရဘဲ လေးထောင့်တုံး

တွေဖြစ်နေခဲ့ရင် အောက်က ဖောင့်နှစ်ခုအား ဒေါင်းယူလိုက်ပါ

ပြီးရင် ကွန်ပျူတာမှာ Font နှစ်ခုလုံးကို install လုပ်ပါ

ကွန်ပျူတာကို Restart လုပ်ပေးလိုက်ပါ။ မြန်မာစာ လေးထောင့်

တုံးတွေမဖြစ်တော့ပဲ မှန်ကန်နေတာကို တွေ့ရပါလိမ့်မယ်။

Videoများကို ၀င်ရောက်လေ့လာနိုင်ပါတယ်။ Youtube Link

Friday 21 July 2017

”သင်ခန်းစာ” ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့


 
ဟိုတယ် သူဋ္ဌေးတစ်ယောက်က သူ့ ဟိုတယ်ကို
ဓာတ်လှေကား တပ်ချင်တော့
ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီး
အလုပ်အပ်တယ်.
အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်
ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ
အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်
အထပ်တိုင်းကို လိုက်ကြည့်ပြီး
အတိုင်းတာ ယူနေတုန်း.
သန့်ရှင်းရေး အလုပ်သမကြီးတစ်ယောက်
ရောက်လာတယ်,,,
"ဆရာ ဘာတွေလုပ်နေတာလဲဟင်"?
အဲလိုမေးတော့ အင်ဂျင်နီယာကလည်း
ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,
"အဒေါ်ရေ ဓာတ်လှေကားတပ်မလို့  အဲဒါ အပေါက်တွေဖောက်ရမှာ လိုက်ကြည့်နေတာပါ,,,
အဲတော့ အလုပ်သမကြီးက,,,
"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်"
အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,
ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို့ 
အာရုံစိုက်မလို့ လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
"ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး"
အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,, တယ်ဟုတ်ပါလား
ဒါဆို အပေါက်တွေလိုက်ဖောက်စရာလည်း
မလိုသလို နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,
အဲလိုနဲ့  အဆောက်ဦးတွေရဲ့ အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,
ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,
အဲဒါဘာလဲဆိုတော့,,,သူတို့ ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ
သူတို့ ထရပ်ကားအမိုးတွေနဲ့ မလွတ်တာပါ,,,
အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,
သူတို့ အကျပ်ရိုက်ကုန်တယ်,,,
ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,
တံတားအပေါ်က မလွတ်သမျှကို လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စိးသလိုဖြစ်ပြီး တံတားကျိုးကျသွားနိုင်တယ်,,,
အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,
သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,
ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့ 
သူတို့ကို ကြည့်နေတယ်,,,
အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,
ဒါပေမယ့် ကလေးက မသွားပဲ
အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ့  အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,
"ဟိုလေ တံတားအမိုးနဲ့  ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,"
အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ့  ခေါင်းနဲ့ ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,

”သင်ခန်းစာ”
ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။
ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

Sunday 16 July 2017

ဆော့ဝဲလ်တွေ ဖွင့်တိုင်း Yes ( or ) No ပြပါက ဖြေရှင်းနည်း

ဆော့ဝဲလ်တွေ ဖွင့်တိုင်း Yes ( or ) No ပြပါက ဖြေရှင်းနည်း

🔕🔕🔕🔕🔕🔕🔕🔕🔕🔕🔕🔕🔕🔕

- Search ထဲမှာ Change User Account
   Control Settings ရေးပါ။

- User Account Control Settings Box လေး
   ကျလာပါမယ်။ဝင်​လိုက်​ပါ
 Image may contain: text
No automatic alt text available.
 No automatic alt text available.
 No automatic alt text available.
 No automatic alt text available.
- အဲဒီမှာ အပြာတုံးလေးကို Never notify ထိ အောက်ဆွဲချပါ။

- ပြီးရင် OKနိုပ်ပါ အဆင်ပြေပါပြီ။

နောင့်​ဆုံးတင်​​​သော Posts

အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း

#အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း ငါးသလောက်ကို အတုံးတုံး ရေဆေးပြီး ( ဆား, နနွင်း, အချိုမှုန့်, ရှောက်ရည်ညှစ်ထည့် ) အားလံုးေ...