Saturday 28 April 2018

Myanmar Gospel Song 2018

သားသားမီးမီးလေးကို ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင်

ဖည့်စွက်စာ စကျွေးတဲ့ အခါမှာ့ သိထားသင့်တဲ့ အချက်လေးတွေ သိထားမှလည်း မေမေတို့မှာ ကလေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်တဲ့ အာဟာရဓါတ်ကို ပေးနိုင်မှာပါ။

သားသားမီးမီးလေးတို့ အသက်(၆)လလောက်နေရင် ဖြည့်စွက်စာ စတင်ကျွေးလို့ ရပါပြီနော်(Photo: Special Edible)
မေမေတို့ရေ သားသားမီးမီးလေးတွေကို ဖြည့်စွက်စာ စကျွေးဖို့ စဉ်းစားနေပြီလား။ သားသားမီးမီးလေးတို့ အသက်(၆)လလောက်နေရင် ဖြည့်စွက်စာ စတင်ကျွေးလို့ ရပါပြီနော်။ ဖြည့်စွက်စာ စကျွေးတဲ့ အခါမှာ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေလည်း ရှိပါတယ်။ ဒီလိုလေးတွေ သိထားမှလည်း မေမေတို့မှာ ကလေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်တဲ့ အာဟာရဓါတ်ကို ပေးနိုင်မှာပါ။

 ဖြည့်စွက်စာဆိုတာဟာ မေမေ့နို့ မဟုတ်တဲ့အရာအားလုံးပါပဲ

အသက်(၆) လမတိုင်ခင် အထိတော့ မေမေတို့ရဲ့ နို့ချိုကိုသာ တိုက်ကျွေးရမှာ ဖြစ်ပြီး (၆) လကျော်မှသာ အာဟာရမှုန့်(ဖြည့်စွက်စာ) ကို ကျွေးနော်။ ဖြည့်စွက်စာတွေ ကျွေးတဲ့အခါ သဘာဝအတိုင်း ရှိနေတဲ့ အစားအစာတွေ ဖြစ်ဖို့လိုပါတယ်။ ဆိုလိုတာက organic food ဖြစ်လေ ကောင်းလေပါနော်။

ဖြည့်စွက်စာဆိုတာဟာ မေမေ့နို့ မဟုတ်တဲ့အရာအားလုံးပါပဲ(Photo: Special Edible)

ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင်

ပျော့ဖို့ လိုသလို နည်းဖို့လည်း လိုပါတယ်နော်။ စားစေချင်စိတ်လောပြီး သားသားမီးမီးလေးတွေကို တစ်ကြိမ်တည်း အများကြီး မကျွေးမိစေဖို့ အထူးဂရုစိုက်ရပါမယ်နော်။ သားသားမီးမီးလေးတွေရဲ့ အစာအိမ်လေးက သေးသေးလေး ဆိုတာ အမြဲသတိရပါ။ အစာခြေစနစ်ကလည်း မေမေတို့ လည်ပတ်စေချင်သလောက် မလည်ပတ်နိုင်သေးတာ သတိပြုရမယ့် အချက်ပါ။ ဒီလိုမှ မဟုတ်ရင် ကလေးမှာ အစာနင်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ အစာအိမ်ထိခိုက်ခြင်း၊ အန်ခြင်းတွေထိတောင် ဖြစ်နိုင်ပါတယ်နော်။

ဖြည့်စွက်စာကို အာဟာရမှုန့်တွေ မကျွေးတော့ဘဲ

တခြား အသီးအနှံလေးတွေ၊ အသားလေးတွေ ကျွေးချင်ပြီဆိုရင် ပိုတိုးလို့ ဂရုစိုက်ဖို့ လိုလာပါပြီ။ အာဟာရမှုန့်ကို ချိန်ဆပြီး အသင့်ဖျော်လိုက်တာက အဆင်ပြေပေမယ့် တခြားဖြည့်စွက်စာကို ချက်မယ်ဆိုရင်တော့ ဂရုစိုက်ရမှာတွေ များပါတယ်။ သားသားမီးမီးလေးရဲ့ ခံတွင်းနဲ့ ထိတွေ့မယ့် ဘယ်ပစ္စည်းမဆို သန့်ရှင်းနေဖို့ လိုတယ်နော်။ ချက်တဲ့အခါမှာလည်း သေးသေး ပျော့ပျော့ ပျစ်ပျစ်လေးဖြစ်အောင် ချက်ရပါမယ်။ မေမေတို့ အသီးအနှံနဲ့ အသား ငါး ဆန်ပြုတ်လေးတွေ ချက်ကျွေးပါ။ ဒါမှ အာဟာရပြည့်မှာနော်။

ကျွေးတဲ့အခါမှာလည်း

သားသားမီးမီးလေးတွေ အာခေါင်မှာ ဖြည့်စွက်စာ မကပ်ဖို့ သတိပြုရဦးမှာပါ။ တခါတလေ ဖြည့်စွက်စာတွေက ပျစ်လွန်းတာကြောင့် အာခေါင်မှာ ကပ်ပြီး မျိုချမရ ဖြစ်တတ်ပါတယ်။ မေမေတို့ ဇွန်း အတော်သေးသေးနဲ့ ဇွန်းဖျားလေး သုံးပြီးသာ ခွံ့ပါနော်။ ရေလေးလည်း နည်းနည်း ဇွန်းဖျားလေးနဲ့ တိုက်ပေးဖို့ မမေ့ပါနဲ့နော်

ကလေးငယ်တွေ ဘာကြောင့် ကျန်းမာရေးစစ်ဆေးပေးဖို့ လိုအပ်တာလဲ

သားသားမီးမီးလေးတွေကို အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးပေးတာက မမြင်နိုင်တဲ့ ရောဂါတွေရဲ့ အန္တရာယ်တွေကို စောစီးစွာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ 
မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို အသက်အရွယ်အလိုက် ကျန်းမာရေးစောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်။ လူကြီးတွေ ကျန်းမာရေး မကြာခဏ ဆေးစစ်ပေးရသလို သားသားမီးမီးလေးတွေကိုလည်း စစ်ဆေးပေးရမှာပါ။ ဒီလိုဆေးစစ်ပေးတာက မမြင်နိုင်တဲ့ ရောဂါတွေရဲ့ အန္တရာယ်တွေကို စောစီးစွာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ သားသားမီးမီးလေးတို့ရဲ့ အမြင်အာရုံ၊ အသားအရေ၊ တင်ပဆုံရိုးအနေအထား၊ ပျော်ရွင်ခြင်းရှိမရှိ စတာတွေကို ကြည့်ပြီး ခွဲခြားသိနိုင်ပါတယ်။ မွေးကင်းစကနေ အသက်(၃)နှစ်အတွင်းမှာ စုစုပေါင်း (၁၂)ကြိမ် စစ်ဆေးပေးသင့်ပါတယ်။ သားသားမီးမီးလေးတွေ မွေးဖွားပြီး အသက်(၃)ရက်ကနေ (၅)ရက် အတွင်းမှာ ပထမဆုံးအကြိမ် ဆေးစစ်သင့်ပါတယ်။ အသက်(၁)လ၊ (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လ၊ (၁၂)လ၊ (၁၅)လ၊ (၁၈)လ၊ (၂၄)လ တို့မှာ ထပ်မံ ဆေးစစ်သင့်ပါတယ်။
လူကြီးတွေ ကျန်းမာရေး မကြာခဏ ဆေးစစ်ပေးရသလို သားသားမီးမီးလေးတွေကိုလည်း စစ်ဆေးပေးရမှာပါ (Photo by mymed)

ဆေးစစ်ပေးရခြင်းရဲ့ အကျိုးကျေးဇူးများ

  • လက္ခဏာမပြသေးတဲ့ ရောဂါတွေကို စောစီးစွာ သိရှိစေနိုင်ပါတယ်။
  • ကြီးထွားဖွံ့ဖြိုးမှု နှေးတဲ့ သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ရရှိစေပါတယ်။
  • သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုလည်း သိလာစေပါတယ်။
သားသားမီးမီးလေးတွေကို အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးပေးဖို့ပါ (Photo by FirstCry Parenting)

ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နေတဲ့အချိန်မှာ

  • သားသားမီးမီးလေးတို့ရဲ့ ကိုယ်အလေးချိန်၊ အရပ်တို့ကို စစ်ဆေးခြင်း
  • ဦးခေါင်းအလုံးပတ်ကို တိုင်းတာခြင်း
  • သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးထိုးပေးခြင်း
  • ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိတ်ခံစားချက်အပြုအမူတွေကို စစ်ဆေးခြင်း
  • အစားအစာတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခြင်းနဲ့
  • အမေးအဖြေပြုလုပ်ခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း တို့ကို အဓိကထား စစ်ဆေးပေးကြပါတယ်။

သတိထားရမှာက

မေမေဖေဖေတို့ သတိထားရမှာက သားသားမီးမီးလေးတွေကို အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးပေးဖို့ပါ။ နို့လုံလုံလောက်လောက်စို့ခြင်း ရှိမရှိ၊ သွေးအားနည်းရောဂါနဲ့ အသည်းရောင်အသားဝါရောဂါနဲ့ တခြားရောဂါတွေကို စစ်ဆေးပေးရပါမယ်။ အသက်အရွယ်လိုက် ကာကွယ်ဆေး ပုံမှန်ထိုးပေးတာနဲ့ ဆေးပုံမှန်စစ်ဆေးပေးတာက သားသားမီးမီးလေးတွေကို ကျန်းမာသန်စွမ်းစေပြီး ဥာဏ်ရည်မြင့်မားတဲ့ ကလေးတစ်ယောက် ဖြစ်လာစေနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

ငွေရှာနည်း /အောင်မြင်သောသော့ချက်များ(Video)

ဘဏ်အတိုးသိကောင်းစရာ


ဘဏ်တိုး အကြောင်း သိထားရန်
တစ်နှစ်ကို .. ၈.၅%
တစ်လကို .. ၀.၇%
တစ်လအတွက် အတိုးက
ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ၇ကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို ... ၇၀၀၀
ငွေ ၁၀၀ သိန်းကို ... တစ်လ ၇သောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း
ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း
ရပါမယ် ..
စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ်
၁၀သိန်း ကို .. တစ်နှစ် ၁သိန်း
သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း ..
သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် ..
(တစ်နှစ် အတွင်းလုံးဝမထုတ်ရ )
(တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ )
စာရင်းသေကို ..
၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ ..
အမျိုးမျိုး ထားလို့ ရပါတယ် ..
အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် ..
လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး ..
၁လ - ၃လ - ၆လ - ၉လ - ၁နှစ် အတွင်း လုံးဝမထုတ်တာ သေချာရင်တော့ .. ၁လ - ၃လ - ၆လ - ၉လ - ၁၂လ
စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် ..
လကြာလေလေ .. အတိုးပိုပိုများလေလေပါ ..
ဘဏ် တစ်ခုနဲ့ တစ်ခု ..
အတိုးနှုန်း အနည်းငယ်ကွဲလွဲမှု ရှိပါတယ် ..
မိမိ အပ်မည့် ဘဏ် ဝန်ထမ်းများကို သေချာ မေးကြည့်နိုင်ပါတယ် ..
အတိုးလစဉ် ထုတ်ပေးလား ?
အစိုးရ ဘဏ်က တစ်နှစ်မှ တစ်ခါသာ - တစ်နှစ်စာအတိုးထုတ်ပေးပါတယ် ... အပြင်ဘဏ်တွေကတော့ ၃လ တစ်ခါ ၃လစာ အတိုးထုတ်ပေးပါတယ် .. လစဉ် အတိုးရချင်ရင်တော့ .. မိမိ ငွေကို ၃ ပုံပုံပြီး ၁လစီ ၃လဆက်တိုက်ခွဲထည့်လိုက်ပေါ့ ။
ဒါမှ မဟုတ် အသွင်း အထုတ် မလုပ်ဘူးဆိုရင်တော့ .. စာရင်းသေ တစ်လ ထည့်ထားရင် အတိုးလည်းပိုရ တစ်လပြည့်တိုင်း အတိုးရော အရင်းပါ ပြန်ထုတ်ပေးပါတယ် ..
"Fixed account & Saving account "
တစ်နှစ် အတွင်းလုံးဝ မထုတ်ရတဲ့ .. Fixed account "စာရင်းသေ -တစ်နှစ် " အပ်ရင် အတိုး ၁၀% ရပါတယ် ..
သိန်း ၁၀၀၀ ကို တစ်နှစ် သိန်း ၁၀၀ ရပါတယ် ။
တစ်နှစ် မပြည့်မချင်း လုံးဝ မထုတ်ရပါဘူး ...
တစ်နှစ်ပြည့်ဖို့ ၁ ရက် အလိုမှာ ထုတ်ရင်တောင် အတိုး တစ်ပြားမှ မရတော့ပါဘူး ။
ရိုးရိုး စုငွေ Saving account ဆိုရင်တော့ ၈၅ သိန်းဘဲ ရပါတယ် ..
တစ်လကို ...
Fixed account ၁နှစ်ထားရင် ..
တစ်လ အတွက် ..
ငွေ ၁၀၀ ကျပ် ကို - ၈.၃၃ ပြား
၁သိန်း ကို = ၈၃၃
၁၀ သိန်း ကို = ၈၃၃၃
၁၀၀ သိန်း ကို = ၈၃၃၃၃
၁၀၀၀ သိန်း ကို = ၈.၃၃၃၃၃ သိန်း ရပါမယ် ..
ရိုးရိုး ငွေစု စာအုပ် Saving account ဆိုရင် ..
တစ်နှစ်ကို - 8.25 or 8.5 % ဘဲရတာမို့ ..
တစ်လကို 0.6875% or 0.7083% မို့ ..
တစ်လ အတွက်
၁၀၀ကျပ် = ၆. ၈၇ ပြား or ၇.၀၈ ပြား
၁ သိန်း = ၆၈၇.၅ / ၇၀၈ ကျပ်
၁၀ သိန်း = ၆၈၇၅ / ၇၀၈၃ ကျပ်
၁၀၀ သိန်း = ၆၈၇၅၀ / ၇၀၈၃၃ ကျပ်
၁၀၀၀ သိန်း = ၆.၈၇၅ / ၇.၀၈၃၃၃ သိန်း ရပါမယ်

Dr Nang Myint Thwe

Wednesday 25 April 2018

ဓာတ်ဆားမှုန့်ရေသောက်တဲ့သူတိုင်း ဒါလေးကို သတိထားကြပါနော်


ချွေးထွက်များလို့ဆိုပြီး ဓာတ်ဆားမှုန့်ရေသောက်တဲ့သူတိုင်း ဒါလေးကို သတိထားကြပါနော်…

ဓာတ်ဆားမှုန့်ရေဖျော်သောက်တော့မယ်ဆိုရင်သတိထား
(#ဓာတ်ဆားဆိုတာဘာလဲ_ဘာအတွက်သုံးတာလဲ)…
*ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ…
ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ…
ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်းဖို့အကောင်းဆုံးဆေးမှုံ့ပေါ့…
(#ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ)…
*မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား…
နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ…
 အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ…အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်…
*အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ…
(#ဓာတ်ဆားထုတ်ဝယ်ရင်ဘာတွေသိထားသင့်လဲ)…
*ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…
ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး…
(#ဓာတ်ဆားထုတ်ကိုဘယ်လိုထားသိုရမလဲ
#ဘယ်ရေနဲ့ဖျော်ရမလဲ)…
*ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…
သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…ဓာတ်ပျယ်သွားတတ်လို့ပါ…
*ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူး…
*ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ…
(#တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…
#ဘယ်လိုလူတွေမသောက်ရဘူးလဲ)…
*ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်…၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ 
ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါ
*ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်…
(#ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များတဲ့ ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါ…
ဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်​…
#တခုခု ရရင်​​ကျေနပ်​တယ်

Saturday 21 April 2018

Sorlar အသုံးပြုပုံ

အိမ်သုံး ဆိုလာ တပ်ဆင်ပုံ

ဘယ်လိုတပ်သလဲ မေးနေကျတာရယ် သူငယ်ချင်းခြံထဲ သွားလည်လို့ solar ပြားနဲ့ battery ကို တိုက်ရိုက်ဆက် သုံးနေတာတွေ့လို့ သိတဲ့ဗဟုသုတလေး မျဝေတာပါ။
Photovoltaics system  ( PV )
ဆိုလာပြာကနေ နေရောင်ခြည် ထိုး လို့ ထွက်လာတဲ့ direct current DC Voltage ကို သုံးတဲ့ system ကို Photovoltaics system  ( PV ) လို့ခေါ်ပါတယ်။ 
Photovoltaics ( PV ) ကိုတော့ ကျွန်တော်တော်တော် များများ installation လုပ် ဖူးပါတယ်။ 
Remote area လို့ခေါ်တဲ့ Power generation တွေ နဲ့ အလှမ်းဝေးတဲ့ industrial site တွေမှာ solar cell တွေတပ်ဆင်ပြီး သုံးရပါတယ်။ဘာတွေ ပါဝင်လဲဆိုတော့ 

  1. solar cell 
  2. voltage controller 
  3. battery cells 
  4. inverter တွေ နဲ့ တည်ဆောက်ထားပါတယ်။ 
Solar cell ကိုတော့ Location အရ သတ်မှတ်တဲ့ ဒီကရီ အတိုင်းတပ်ထားပြီး လိုအပ်တဲ့ voltage ရအောင် series ဆက်ပေးပါတယ်။ ဘယ်လောက် angle တပ်ရမလဲ ဆိုတာ solar calculator ရှိပါတယ်။ ဆိုတာ နောက် သတ်မှတ်တဲ့ power ရအောင် parallel ဆက်ပေးရပါတယ်။ cell တခု ကနေထုတ်တာက 0.5 VDC ပါ။ အိမ်သုံးအတွက်ရောင်းတာတွေ ကတော့ 12 VDC အတွက်ဆို တခါထဲရအောင် လုပ်ထားပါတယ်။12 V out put အတွက်ဆို 36 cells လောက်တပ်ထားပါတယ်။ အဲတော့ နေပူ ချိန် အများဆုံးမှာ 18 VDc လောက်ထွက်ပါတယ်။ voltage များများလိုချင်ရင် series ( တနးဆက် ) current  များများ လိုချင်ရင်ပြိုင်ဆက် (parallel )  ဆက်ပေးရပါတယ်။  
ဥပမာ အနေနဲ့ 12 VDC သုံးတဲ့ အိမ်သုံး အကြောင်းပဲရေးပါမယ်။ 

  1. ပတမဆုံး က နေရောင်ခံ ဆိုလာဆဲ ( solar cell ) ပြား ကို ၀ယ်ရပါမယ်။ 
  2. မိမိသုံးမဲ့ battery capacity ကို လိုက်ပြီး watt or Ampere တန်ဖိုး ကို  ၀ယ်ရပါမယ်။ 
  3. နောက်အဲဒါနဲ့ လိုက်ဖက်မဲ့ solar charger controller ကို ၀ယ်ရပါမယ်။
solar charger controller ကဘာကိုလုပ်တာလဲဆိုတော့ ဆိုလာဆဲ ကနေထုတ်တဲ့ voltage ကို battery ဗို့ နဲ့ အားသွင်းလို့ရအောင် ပြန် ချိန်ညှိတာပါ အားသွင်းတဲ့ current ကိုလဲ ချိန်ပေးပါတယ်။ နေရောင် ခြည်ဆိုတာ များရင်များသလို နဲရင် နဲ သလို ထွက်တာပါ။ 12 V အတွက်ဆို 18 VDC လောက် အထိထွက်ပါတယ်။ အဲဒါကိုတိုက်ရိုက်ဆက်ရင် ကြာရင် တန်ဖိုးကြီးတဲ့ battery တွေ ပျက်စီးသွားပါမယ်။ 12 VDC battery ကို အားသွင်းဖို့ က 15 VDC လောက်ရှိရပါမယ်။ အဲဒါကို ချိန် ညှိပေးတာ အဲဒီ controller ပါ။ တိုက်ရိုက်ဆက်တာနဲ့ battery ကကြာရင် ပျက်စီးသွားမှာပါ။
အဲဒီ controller ကလဲ နေရောင်ခြည် cell ရဲ့ capacity တွေ သုံးမဲ့ battery Amp Hr ( AH ) တွေ ကို ကြည့်ပြီး ၀ယ်ရမှာပါ။ 
အဲဒီ controller ကထွက်တဲ့ output DC volt ကို battery မှာ ချိတ်ပြီး အားသွင်း သုံးလို့ရပါတယ်။
Battery အားပြည့် သွားရင် အလိုလို အားသွင်းတာရပ်သွားပါတယ် ( float ) ဖြစ်သွားတယ်လို့တော့ သုံးပါတယ်။ လျော့သွားခဲ့ရင် နေရောင်ခြည် ရှိနေသေးရင် ထပ်ပြီး auto သွင်းနေမှာပါ။
အဲဒီ 12 VDC ကို 12VDC inverter နဲ့တွဲလိုက်ရင် 220 VAC ထွက်ပါမယ် အဲဒီ AC ကို AC သုံး ပစ္စည်းတွေ နဲ့တွဲသုံးလို့ရပါတယ်။ DC ကိုလဲ battery ကနေ တိုက်ရိုက်သုံးနိုင်ပါတယ်။ 
Acid battery တွေ ကတော့ နှစ်လောက်ပဲ ခံပါတယ် နှစ်ကျော်ရင်တော့လဲသင့်ပါတယ်။ မိုးရေ ကိုတော့ မကုန်ခင် မှန်မှန်ထည့်ပေးပါ။
Safety protection အတွက် Fuse တွေ breaker တွေ ကိုတော့တပ်ထားသင့်ပါတယ် battery short circuit current က မီးလောင်နိုင်ပါတယ်။ 

တတ်ရင်တော့ အားလုံး သေချာသက်သာအောင်တွက်ချက်တပ်ဆင်ရပါတယ်

မင်းကိုသတိရရင်

min ko tha ti ya yin မင်းကိုသတိရရင်= ကောင်းကောင်း

Saturday 14 April 2018

အိပ်ပျော်စေတဲ့အိမ်တွင်းဖြစ် အိပ်ဆေးမှုန့် ကိုယ်တိုင်ပြုလုပ်နည်း





အိပ်မရခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ နေ့စဉ်စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အိပ်ရာဝင်တဲ့အခါ 
ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုဟော်မုန်းတွေကြား ပြင်းထန်တဲ့ ဇီဝဓာတ်ပြုမှု ဖြစ်ပွားပါတယ်။
ကံအားလျော်စွာနဲ့ ရိုးရှင်းပေမယ့် တကယ် ထိရောက်တဲ့ ဆေးနည်းတစ်ခု ရှိပါတယ်။ ယင်းမှာ မကြာခဏ အိပ်မပျော်ရောဂါခံစားသူများအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ 
သူ့မှာ ဆားနဲ့ သကြားသာပါဝင်ပေမယ့် အလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ပေးပါတယ်။
ပါဝင်ပစ္စည်းများ …
ပင်လယ်ဆား ထမင်းစားဇွန်း (၂) ဇွန်း
သဘာဝသကြားညို ထမင်းစားဇွန်း (၂) ဇွန်း
ပျားရည် ထမင်းစားဇွန်း (၅) ဇွန်း
ပြင်ဆင်ပုံပြင်ဆင်နည်း
ပါဝင်ပစ္စည်းအားလုံး ပလပ်စတစ်အိတ်တစ်ခုထဲ ပေါင်းစပ်ပြီး တစ်သားတည်းကျသွားအောင် သေချာ ခါယမ်းပေးရပါမယ်။
အသုံးပြုပုံ ..
ညအိပ်ရာမဝင်မီ သို့မဟုတ် ညတစ်ရေးနိုးတဲ့အချိန်မှာ ယင်းအမှုန့်ကို လျာအောက်မှာ ထားပေးရပါမယ်။ အရေပျော်သွားတဲ့အထိပါ။
သွေးကြော်ထဲ ဝင်ရောက်အဆုံးသတ်သွားပြီး ယင်းရလဒ်က အံ့အားသင့်စေပါလိမ့်မယ်။
တခုခု ရရင်​​ကျေနပ်​တယ်

နောင့်​ဆုံးတင်​​​သော Posts

အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း

#အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း ငါးသလောက်ကို အတုံးတုံး ရေဆေးပြီး ( ဆား, နနွင်း, အချိုမှုန့်, ရှောက်ရည်ညှစ်ထည့် ) အားလံုးေ...