Saturday 28 April 2018

သားသားမီးမီးလေးကို ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင်

ဖည့်စွက်စာ စကျွေးတဲ့ အခါမှာ့ သိထားသင့်တဲ့ အချက်လေးတွေ သိထားမှလည်း မေမေတို့မှာ ကလေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်တဲ့ အာဟာရဓါတ်ကို ပေးနိုင်မှာပါ။

သားသားမီးမီးလေးတို့ အသက်(၆)လလောက်နေရင် ဖြည့်စွက်စာ စတင်ကျွေးလို့ ရပါပြီနော်(Photo: Special Edible)
မေမေတို့ရေ သားသားမီးမီးလေးတွေကို ဖြည့်စွက်စာ စကျွေးဖို့ စဉ်းစားနေပြီလား။ သားသားမီးမီးလေးတို့ အသက်(၆)လလောက်နေရင် ဖြည့်စွက်စာ စတင်ကျွေးလို့ ရပါပြီနော်။ ဖြည့်စွက်စာ စကျွေးတဲ့ အခါမှာ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေလည်း ရှိပါတယ်။ ဒီလိုလေးတွေ သိထားမှလည်း မေမေတို့မှာ ကလေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်တဲ့ အာဟာရဓါတ်ကို ပေးနိုင်မှာပါ။

 ဖြည့်စွက်စာဆိုတာဟာ မေမေ့နို့ မဟုတ်တဲ့အရာအားလုံးပါပဲ

အသက်(၆) လမတိုင်ခင် အထိတော့ မေမေတို့ရဲ့ နို့ချိုကိုသာ တိုက်ကျွေးရမှာ ဖြစ်ပြီး (၆) လကျော်မှသာ အာဟာရမှုန့်(ဖြည့်စွက်စာ) ကို ကျွေးနော်။ ဖြည့်စွက်စာတွေ ကျွေးတဲ့အခါ သဘာဝအတိုင်း ရှိနေတဲ့ အစားအစာတွေ ဖြစ်ဖို့လိုပါတယ်။ ဆိုလိုတာက organic food ဖြစ်လေ ကောင်းလေပါနော်။

ဖြည့်စွက်စာဆိုတာဟာ မေမေ့နို့ မဟုတ်တဲ့အရာအားလုံးပါပဲ(Photo: Special Edible)

ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင်

ပျော့ဖို့ လိုသလို နည်းဖို့လည်း လိုပါတယ်နော်။ စားစေချင်စိတ်လောပြီး သားသားမီးမီးလေးတွေကို တစ်ကြိမ်တည်း အများကြီး မကျွေးမိစေဖို့ အထူးဂရုစိုက်ရပါမယ်နော်။ သားသားမီးမီးလေးတွေရဲ့ အစာအိမ်လေးက သေးသေးလေး ဆိုတာ အမြဲသတိရပါ။ အစာခြေစနစ်ကလည်း မေမေတို့ လည်ပတ်စေချင်သလောက် မလည်ပတ်နိုင်သေးတာ သတိပြုရမယ့် အချက်ပါ။ ဒီလိုမှ မဟုတ်ရင် ကလေးမှာ အစာနင်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ အစာအိမ်ထိခိုက်ခြင်း၊ အန်ခြင်းတွေထိတောင် ဖြစ်နိုင်ပါတယ်နော်။

ဖြည့်စွက်စာကို အာဟာရမှုန့်တွေ မကျွေးတော့ဘဲ

တခြား အသီးအနှံလေးတွေ၊ အသားလေးတွေ ကျွေးချင်ပြီဆိုရင် ပိုတိုးလို့ ဂရုစိုက်ဖို့ လိုလာပါပြီ။ အာဟာရမှုန့်ကို ချိန်ဆပြီး အသင့်ဖျော်လိုက်တာက အဆင်ပြေပေမယ့် တခြားဖြည့်စွက်စာကို ချက်မယ်ဆိုရင်တော့ ဂရုစိုက်ရမှာတွေ များပါတယ်။ သားသားမီးမီးလေးရဲ့ ခံတွင်းနဲ့ ထိတွေ့မယ့် ဘယ်ပစ္စည်းမဆို သန့်ရှင်းနေဖို့ လိုတယ်နော်။ ချက်တဲ့အခါမှာလည်း သေးသေး ပျော့ပျော့ ပျစ်ပျစ်လေးဖြစ်အောင် ချက်ရပါမယ်။ မေမေတို့ အသီးအနှံနဲ့ အသား ငါး ဆန်ပြုတ်လေးတွေ ချက်ကျွေးပါ။ ဒါမှ အာဟာရပြည့်မှာနော်။

ကျွေးတဲ့အခါမှာလည်း

သားသားမီးမီးလေးတွေ အာခေါင်မှာ ဖြည့်စွက်စာ မကပ်ဖို့ သတိပြုရဦးမှာပါ။ တခါတလေ ဖြည့်စွက်စာတွေက ပျစ်လွန်းတာကြောင့် အာခေါင်မှာ ကပ်ပြီး မျိုချမရ ဖြစ်တတ်ပါတယ်။ မေမေတို့ ဇွန်း အတော်သေးသေးနဲ့ ဇွန်းဖျားလေး သုံးပြီးသာ ခွံ့ပါနော်။ ရေလေးလည်း နည်းနည်း ဇွန်းဖျားလေးနဲ့ တိုက်ပေးဖို့ မမေ့ပါနဲ့နော်

No comments:

Post a Comment

နောင့်​ဆုံးတင်​​​သော Posts

အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း

#အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း ငါးသလောက်ကို အတုံးတုံး ရေဆေးပြီး ( ဆား, နနွင်း, အချိုမှုန့်, ရှောက်ရည်ညှစ်ထည့် ) အားလံုးေ...